အရက်မူးသမား လမ်းလျှောက်သလို
Written on December 14, 2009 at 12:33 am, by ညီမင်းခပညာရှင်တစ်ချို့က ဘဝဆိုတာ အရက်မူးသမား လမ်းလျှောက်သလိုဟု တင်ပြလာကြသည်၊ စူးစမ်းကြည့်သင့်သည် ထင်သောကြောင့် ဆက်ဖတ်ကြည့်မိသည်၊ ဖတ်မိသည်ကို လက်တွေ့ဘဝနှင့်ယှဉ်၍ တွေးကြည့်မိသည်။
ကျွန်တော်တို့က ဘဝတွင် ရည်မှန်းချက်များ၊ မျှော်လင့်ချက်များဖြင့် ဘဝကို စနစ်တကျ ပုံဖော်ဖို့ ကြိုးစားကြသည်၊ တစ်ချို့ ဆိုလျှင် မိမိကိုယ်ကို သာမက မိမိနှင့် ဆက်နွယ်သော သားသမီး၊ မိတ်ဆွေ စသည်တို့ အပေါ်တွင်ပါ ရည်မှန်း မျှော်လင့်ထားတတ်ကြသည်၊ လူသည် မျှော်လင့်တတ်သော သတ္တဝါဖြစ်၍ ဤကဲ့သို့ မျှော်လင့်ခြင်းမျိုးကို အဆိုးဟု မဆိုသာပေ၊ သို့သော် သဘာဝကိုကား နားလည်သဘောပေါက်ရန်လိုသည်၊ မျှော်လင့်သလို ဖြစ်မလာသည့်အခါ စိတ်ဆင်းရဲမှုကို ထိန်းချုပ်နိုင်ရန်လိုသည်၊ ကျွန်တော်တို့ လက်တွေ့ဘဝတွင် ကျွန်တော်တို့ မျှော်လင့်ထားသလောက် ဘယ်သောအခါမှ ရာနှုန်းပြည့် မဖြစ်နိုင်ပေ၊ Read more
Popularity: 100%
ကျောင်းမနေခင်စိတ်
Written on December 4, 2009 at 2:24 am, by ညီမင်းခစိတ်ပညာရှင်များက လူတို့၏ စိတ်ကို (၁)ငါးနှစ်သားစိတ် (၂)ဆယ်နှစ်သားစိတ် (၃)ဆယ့်ငါးနှစ်သားစိတ် ဟု ဥပမာဖြင့် သုံးမျိုးခွဲပြသည်။ ထိုသုံးမျိုးတွင် ငါးနှစ်သားစိတ်ကို “ကျောင်းမနေခင်စိတ်” လို့ ရည်ညွှန်းခြင်း ဖြစ်သည်။ ငါးနှစ်သားအရွယ်များဟာ ထူးဆန်းထွေလာ ပုံပြင်များ၊ ယုတ္တိလွန် စွန့်စားခန်းများကို စိတ်ဝင်စားကြသည်။ အလင်းနှင့် အမှောင်၊ အဆိုးနှင့် အကောင်းတို့ ပဋိပက္ခ ဖြစ်စဉ်ကို ကြည့်၍ အမှောင်ကို သင်ယူကာ အလင်းဖက်၌ နေချင်ကြသည်၊ ငါးနှစ်သားများ၏ စိတ်သည် အဖြူမဟုတ်လျှင် အမည်း၊ အမည်း မဟုတ်လျှင် အဖြူ နှစ်မျိုးသာ အားပြိုင်ကြသည် ဟုဆိုသည်။
Read more
Popularity: 73%
ဆေးလိပ်မီးခိုးထဲ ပျော်ဝင်သွားတဲ့ အသံ
Written on November 29, 2009 at 1:22 am, by ညီမင်းခအာရုံကို အနားပေးဖို့ လိုအပ်ကာမှ
ခင်ဗျားက အာရုံကို လာနှောင့်ယှက်တယ်
ဓနိဘောင်ဒုတ်လို ဘဝမျိုး
ဘယ်သူက “စက်” လာတပ်ပေးမလဲ
ဘယ်သူက “ပဲ့” လာဆင်ပေးမလဲ။
သူလည်း ပင်လယ်ကို အိပ်မက်ခွင့်တော့ ရှိသင့်ရဲ့ မဟုတ်လား။
Popularity: 81%
စိတ်ကူးလွန်ခေတ်၊ လက်တွေ့ကြည့်ဝါဒနှင့် ပညာစီးကြောင်း(၃)
Written on November 20, 2009 at 2:31 am, by ညီမင်းခပညာနှင့် ပတ်သက်၍ ပြောလျှင် ပီတာဒရပ်ကား အကြောင်း မပြော၍ မဖြစ်ပေ။ ဒရပ်ကားက ၁၉၆၂ ခုနှစ်တွင် ကောလိပ်သို့ မသွားတော့ဘဲ အလုပ်ဝင်လုပ်သည်။ သူ့အဖေကြီးက သူ့သား (ပီတာဒရပ်)အား ထင်ရှားသော ကုန်အရောင်းအ၀ယ်လုပ်ငန်းတွင် အပ်နှံပေးနိုင်ခဲ့သည်။ နောက်အနှစ် သုံးဆယ်ကြာ ပီတာဒရပ်၏သားကိုယ်တိုင် ကောလိပ်မတက်ဘဲ အလုပ်ဝင်လုပ်မည် ကြံပြန်သည်။ ဒရပ်ကား၏ အဖေလက်ထက်က ဒရပ်ကားကို အလုပ်ရှာပေးနိုင်သော်လည်း သူ့လက်ထက်တွင် သူ့သားကို အလုပ်ရှာမပေးနိုင်တော့။ ထိုခေတ်က ကောလိပ်ပညာရေးသည် အလုပ်ကောင်းရဖို့ မရှိမဖြစ် ဖြစ်နေသည်။ ၀င်ငွေကောင်းသော လုပ်ငန်းများက ဘွဲ့ရပြီးသူကိုမှ လက်ခံကြတော့သည်။ ဤသည်မှာ ကျောင်းပညာရေးသည် ၀င်ငွေ သို့မဟုတ် စီးပွားရေး၏ အရင်းအမြစ် ဖြစ်လာသည့် သဘောပင်ဖြစ်သည်။ မြေယာ လုပ်အား ငွေစသော အရင်းအမြစ်များ လိုအပ်သည် မှန်သော်လည်း ပညာက ပထမတန်းစား ဖြစ်လာ၍ ၎င်းတို့မှာ ဒုတိယနေရာသို့ ရွှေ့လျောသွားကြသည်။ ပညာရှိလျှင် ထိုအရင်းအမြစ်များကိုလည်း ရှာဖွေ၍ ရနိုင်သည်ဟု ဆိုသည်။ ပညာဆိုသည်မှာ Read more
Popularity: 70%
စိတ်ကူးလွန်ခေတ်၊ လက်တွေ့ကြည့်ဝါဒနှင့် ပညာစီးကြောင်း(၂)
Written on November 20, 2009 at 2:23 am, by ညီမင်းခလက်တွေ့ကြည့်ဝါဒဆိုသော်လည်း စင်စစ်အားဖြင့် လက်တွေ့ကမ္ဘာ့ရေးရာ၊ လက်တွေ့နိုင်ငံရေးတို့မှ စတင်ပေါ်ပေါက်ခဲ့သည် မဟုတ်။ ဒဿနပညာရှင် ၀ီလျှံဂျိမ်းဒီဝေးနှင့် မီနန်တို့က ဒဿနတစ်ပါးအနေဖြင့် ဖော်ထုတ်ခဲ့ကြသည်ဟုဆိုသည်။ လက်တွေ့အသုံးဝင်လျှင် မှန်သည်ဟု ဆိုသူက ဆိုသည်။ အသုံးဝင်တိုင်းမှန်ချင်မှမှန်သည်ဟုလည်း ဆိုသူက ဆိုကြပြန်သည။် မှတ်သားစရာကောင်းသည်က အိုင်ဒီယာတစ်ခုသည် ခက်ရင်း fork နှင့် တူသည်။ ခက်ရင်းနှင့် စွပ်ပြုတ်သောက်ကြည့်သည်။ အဆင်မပြေတော့ ခက်ရင်းကိုချပြီး ဇွန်းနဲ့သောက်ပါသည်။ အိုင်ဒီယာတို့ဆိုသည်မှာ လောကကြီးနှင့် ဆက်ဆံဖြေရှင်းရာတွင် အသုံးပြုဖို့ ကိရိယာများသာများသာ ဖြစ်သည်ဟု ဒီဝေးကပြောသည်။ လက်တွေ့ကြည့်ဝါဒသည် လောဂျစ်နည်းဖြင့် ပြောရလျှင် တံခါးအရှင် ဖွင့်ထားသော open form ဖြစ်သည်။ လက်တွေ့အကျိုးကို ကြည့်ပြီး ရွေးချယ်စရာ မှန်သမျှကို အကုန်တံခါးဖွင့်ထားသည်ဟု ဆိုလိုသည်။ ယခုအခါ အမေရိကန်၌ ယင်းလက်တွေ့ကြည့်ဝါဒသည် neo-positivism နှင့် ဓမ္မရေးရာဝါဒတို့ကို နေရာဖယ်ပေးလိုက်ရပြီဟု ဆိုသည်။ နီယိုပေါ့စတစ်ဝါဒက အချက်အလက်တို့ကို အစစ်အမှန် ဖော်ပြခြင်း pure description of facts အလုပ်ကိုသာ လုပ်ရမည်ဟု ဆိုသည်။
ဒဿနက ကိုယ်ဖန်ဆင်းသော ပဟေဠိတို့ဖြင့် အလုပ်ရှုပ်နေစဉ် သိပ္ပံပညာက ဒဿနကို Read more
Popularity: 56%
စိတ်ကူးလွန်ခေတ်၊ လက်တွေ့ကြည့်ဝါဒနှင့် ပညာစီးကြောင်း
Written on November 20, 2009 at 2:10 am, by ညီမင်းခဝန်ခံချက်။ ကျွန်တော် အခု ရေးထားသော ပို့စ်သည် ကျွန်တော်၏ ကိုယ်ပိုင် စာသား အနည်းငယ်မျှသာ ပါဝင်၍၊ ဆရာကိုတာ၏ “ကျွန်တော်သည် မျောက်က ဆင်းသက်၏” ဆိုသော စာအုပ်မှ၎င်း၊ ဆရာ မောင်စူးစမ်း၏ “၂၀၀၈၊၂၀၀၉ အမြင်” ဟူသော စာအုပ်မှ၎င်း စာသားများ အများအပြား ပါဝင်ပါသည်၊ ခိုးချခြင်း မဟုတ်ပါ၊ တိုက်ရိုက်ကူးယူ ဖော်ပြခြင်း မျှသာ ဖြစ်ပါသည်၊ ကျွန်တော် ပြန်ရေးသောအခါ အတော်ရှည်နေပါသဖြင့် ပို့စ်ကို (၃)ပုဒ်ခွဲ၍ တင်ပါမည်။ ယခုကဲ့သို့ စကားပလ္လင်ခံနေခြင်းမှာ ကျွန်တော်ကို အသက်ကြီးသော ဘိုးတော်တစ်ယောက်ဟု ထင်မြင်မည် စိုး၍ ဖြစ်ပါသည်။
ယနေ့ခေတ်ကို နိုင်ငံရေး သိပ္ပံပညာရှင်များက post-ideology era (စိတ်ကူးလွန်ခေတ်) ဟု ခေါ်ဆိုကြသည် ဟုဆိုသည်။ ဆိုလိုသည်မှာ အိုင်ဒီယိုလိုဂျီကို နိုင်ငံရေးနှင့်တကွ နယ်ပယ်တော်တော်များများ၌ အသုံးမပြုကြတော့သည့် သဘောပင်။ စစ်အေးခေတ်သည် အိုင်ဒီယိုလိုဂျီခေတ်ဟုဆိုသည်။ ယင်းခေတ်တွင် စူပါပါဝါနှစ်နိုင်ငံဖြစ်သည့် ဆိုဗီယက်ယူနီယံနှင့် အမေရိကန်တို့ ဆိုရှယ်လစ်နှင့် အရင်းရှင် အိုင်ဒီယိုလိုဂျီချင်း အားပြိုင်ကြရာ ဆိုဗီယက်ယူနီယံ ပျက်စီးသွားသောကြောင့် အရင်းရှင် အိုင်ဒီယိုလိုဂျီနှင့် ဆိုရှယ်လစ်အိုင်ဒီယိုလိုဂျီကိစ္စ နိဂုံးချုပ်သွားခဲ့သည် ဟုဆိုသည်၊ သို့သော်လည်း ၄င်းအယူအဆနှင့် ပတ်သက်၍ ပညာရှင်များ အငြင်းပွားနေကြဆဲပင်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ဝင်စဉ်က ရီပတ်ပလီကင် သမ္မတလောင်းဂျွန်မက်ကိန်းက အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးစစ်ပွဲ ဆိုသည်မှာ အိုင်ဒီယိုလိုဂျီစစ်ပွဲဟု သုံးနှုန်းခဲ့သည် ဟုသိရသည်။ အမေရိကန်သည် အစွန်းရောက် အစ္စလမ်ဝါဒီနှင့် တိုက်ခိုက်ရသောကြောင့် Read more
Popularity: 58%
လူသားနှင့် ပြဿနာ
Written on November 8, 2009 at 12:11 am, by ညီမင်းခကျွန်တော်တို့ ဘဝတွင် အများဆုံးတွေ့ကြုံ့ရ၍ ကျွန်တော်တို့ မလိုချင်ဆုံးသော အရာကို ပြပါဆိုလျှင် အများစုက “ပြဿနာများ” ဟု ဆိုကြမည် ထင်ပါသည်။ မှန်သည် ကျွန်တော်တို့ မလိုချင်ဆုံးသော အရာများမှာ အဆင်မပြေမှုများနှင့် ပြဿနာများပင် ဖြစ်သည်။ သို့သော် ကျွန်တော်တို့တွင် ပြဿနာလုံးဝမရှိသော နေ့ရက်ဟူ၍ တော်တော်ရှားရှားပါးပါး ဖြစ်လိမ့်မည် ထင်သည်။ လူသားသည် ပြဿနာနှင့်အတူ မွေးဖွားလာသည်ဟု ဆိုပါက လွန်အံ့မထင်။
ဤမျှ ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် နေ့စဉ်နီးပါး ကြုံတွေ့နေရသော်လည်း ပြဿနာ၏ အရင်းအမြစ်ကို သေချာစိစစ်၍ နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ရှောင်ကြဉ်မည် ဆိုသော သူမျိုးကား မရှိသလောက်ပင် ဖြစ်သည်။ အာဂလူသားများပင်။ ထိုသို့ဖြင့် ပြဿနာပြီးရင်း ပြဿနာရင်းဖြင့် လုံးချာလိုက်နေတော့သည်။ ထိုသည်ကိုပင် ကျွန်တော်တို့က ဘဝဟူ၍ ခေါ်ဆိုကြလေသည်။
အကယ်၍သာ ကျွန်တော်တို့ ကြုံတွေ့နေရသော ပြဿနာများကို အနည်းငယ် သတိထား၍ ကြည့်ပါက ပြဿနာအများစုသည် Read more
Popularity: 70%
တူညီသောလားရာ
Written on November 4, 2009 at 2:56 am, by ညီမင်းခလူနှင့် တိရစ္ဆာန်တို့၏ ခြားနားချက်မှာ လူသည် တိရစ္ဆာန်ထက် အသိဥာဏ်အရာ ပိုသာသောကြောင့်ဟု ပညာရှင် အများအပြား အတည်ပြုကြပြီး ဖြစ်သည်။ ကျွန်တော့်အနေဖြင့် ပြောရလျှင် လူသည် တိရစ္ဆာန်များကဲ့သို့ အိပ်၊ စား၊ ကာမမျှဖြင့် ဘဝကို မရောင့်ရဲတတ်ခြင်းသည်ပင် လူနှင့် တိရစ္ဆာန်များ အကြား ကြီးစွာသော ခြားနားချက် ဖြစ်လာခဲ့သည်ဟု ဆိုချင်ပါသည်။
လူတို့သည် လက်ရှိအခြေအနေကို ကျေနပ်တင်းတိမ်နိုင်ခဲသော သတ္တဝါမျိုး ဖြစ်သည်။ လက်ရှိအခြေအနေထက် ပိုကောင်းသော အရသာ၊ ပိုကောင်းသော အသုံးအဆောင်၊ ပိုကောင်းသော အနေအထိုင် စသည်တို့ကို ရှာဖွေ ဖန်တီး တည်ဆောက်ရင်းဖြင့် ခေတ်အဆက်ဆက်ကို ဖြတ်ကျော်လာခဲ့ကြသည်။ ထို ပိုကောင်းသော ဘဝကို ပိုင်ဆိုင်လိုသော လူသား၏ အာသီသကြောင့်ပင် ကျွန်တော်တို့ နေထိုင်သော ကမ္ဘာကြီးသည် ယနေ့အချိန်တွင် ယနေ့ အခြေအနေသို့ ဆိုက်ရောက်နေရပေသည်။
ကမ္ဘာကြီးနှင့် ပတ်သက်၍ ကျွန်တော်၏ အမြင်မှာ ယနေ့ကမ္ဘာသည် ဆန့်ကျင်ဘက် အလှတို့ဖြင့် အစွမ်းကုန် ဖူးပွင့်နေသည်ဟု ဆိုချင်ပါသည်၊ တဖက်က စက်မှုနည်းပညာသည် အလွန်လျင်မြန်သော အရှိန်ဖြင့် တဟုန်ထိုး တိုးတက်နေသကဲ့သို့ တဖက်ကလည်း အိုဇုန်းလွှာ အပေါက်အပြဲစသော ပြဿနာများအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေကြရသည်။ Read more
Popularity: 63%
အကောင်းမြင် အဆိုးမြင် နဲ့ တာဝန်မဲ့သူ
Written on October 25, 2009 at 1:15 am, by ညီမင်းခလွန်ခဲ့တဲ့ ရက်သတ္တပတ် သုံးပတ်လောက်ကပေါ့၊ ဂျာနယ်တစ်စောင် ကောက်ဖတ်လိုက်မိတယ်၊ (ဘာဂျာနယ် ဆိုတာတော့ မမှတ်မိတော့)၊ အဲဒီမှာ “အကောင်းမြင်သူ၊ အဆိုးမြင်သူ” ဆိုတာနဲ့ ပတ်သက်လို့ အင်တာဗျူးပုံစံလေး မေးထားတာ တွေ့ရတယ်၊ အဖြေ တော်တော်များများက ကျွန်တော် မြင်ဖူး ဖတ်ဖူး နေကျ ပုံစံတွေပဲ၊ (တည့်တည့်ပြောရရင်တော့ ရင်ကို လာမမှန်ဘူး ဆိုပါတော့) အဲ ကိုရဲရင့် အလှည့်ရောက်တော့ ကျွန်တော့်မှာ အကောင်းမြင်နဲ့ အဆိုးမြင်တို့ ကြားမှာ “တာဝန်မဲ့သူ” ဆိုတာ ရှိသေးတာပါလားလို့ အသိလေးတစ်ခု မမျှော်လင့်ပဲ ရလိုက်တယ်၊ အဲဒီ အသိလေးကို ပြန်ဝေငှလိုက်တာပါ၊ ကျွန်တော့်လို လူမျိုးတွေ အတွက်ဆိုပါတော့၊ တော်ပြီးသား၊ တတ်ပြီးသား၊ နားလည်ပြီးသား၊ ပြည့်ဝပြီးသား လူတွေ အတွက် မရည်ရွယ် ပါဘူး။
ကဲ သူစကားလေးကို နားထောင်ကြည့်ရအောင် …..
“အကောင်းမြင်သမားက ပြဿနာကို ပြဿနာ ဟုတ်မဟုတ် ခံစားတယ်၊ လေ့လာတယ်၊ စောစောကောက်ချက် မချပဲ စဉ်းစားတယ်၊ တတ်နိုင်သလောက် ခွင့်လွတ်တယ်၊ ပြုပြင်ဖို့ ကြိုးစားတယ်၊ အပြစ်တင်ခြင်းကို တာဝန်ယူမှုနဲ့ အစားထိုးတယ်။”
“တာဝန်မဲ့သူကတော့ Read more
Popularity: 71%
ကျွန်တော်နှင့် ခေတ်ပေါ်ကဗျာ
Written on October 18, 2009 at 3:26 am, by ညီမင်းခစကားစပ်စပ် မစပ်စပ်ပေါ့၊ ခင်ဗျားဟာ မဂ္ဂဇင်းတစ်အုပ်ကို ကြုံကြိုက်လို့ပဲ ဖြစ်ဖြစ်၊ တမင်ဝယ်လာလို့ပဲ ဖြစ်ဖြစ်၊ ဆိုင်က ငှားလာတာမျိုးပဲ ဖြစ်ဖြစ် အခြေအနေအရ ဖတ်ရတော့မယ် ဆိုပါစို့၊ ခင်ဗျား ဘယ်ဟာကို အရင်ဖတ်သလဲ၊ ကျွန်တော်မသိ၊ မသိသောကြောင့် ခင်ဗျား အကြောင်းကို ကျွန်တော်မပြောပါ။ ကျွန်တော့်အကြောင်းကိုသာ ကျွန်တော်ပြောပါမည်၊ မည်သူဖတ်ရန်ဟူသော ရည်ရွယ်ချက်၊ မည်သူ့အတွက် အကျိုးများစေရန်ဟူသော အားထုတ်မှု၊ မည်သူ၏ ချီးမွမ်းမှုကို ရယူရန်ဟူသော လိုချင်မှုတို့ (လောလောဆယ်) ကျွန်တော့်တွင် ရှိမနေသောကြောင့် ကျွန်တော်ရေးတတ်သလို ရေးပါမည်၊ ရေးချင်သလို ရေးပါမည်၊ ထိုထက်ပို၍ ရေးချင်သလောက်သာ ရေးပါမည်။ ကျေးဇူးတင်ပါသည်။
ကျွန်တော်ပြောချင်တာကို ကျွန်တော်ပြောရမည်ဆိုလျှင်၊ Read more
Popularity: 67%