Archive for the ‘ကြိုက်မိသောကဗျာ’ Category
ရန်သူများတယ်
Sunday, October 4th, 2009
ရေးထားတာလည်း ဘာမှ မရှိသေးဘူးဗျာ၊ ပြောချင်နေတာတွေကလည်း ရင်ထဲမှာ ဗွက်ထနေတာပဲ၊ ဒါပေမယ့် ဘယ်အရာမှ အဆင်သင့် မဖြစ်သေးဘူး၊ ကျွန်တော်ပြောချင်နေတဲ့ စကားလုံးများရဲ့ ကိုယ်စား ကျွန်တော် လောလောဆယ် အရမ်းကြိုက်နေတဲ့ ကဗျာတစ်ပုဒ်ကိုသာ ဖော်ပြလိုက်ရပါတယ်။
အမုန်းတရား ခါးတယ်
ရန်သူများတယ် ဆိုကရေးတီး
မိတ်ဆွေထက် ရန်သူက ဗရမ်းဗတာ လုံခြုံခြင်းကို
စွန့်စားစေတယ်
မှားနေကျ လူ့အဖွဲ့အစည်းကလည်း ခါးတယ်
လူဆူလူပူ ကျယ်လောင်လောင်အသံကိုပဲ
ထွက်တတ်တဲ့
လူဖျက်တန်းစား ကဗျာစာကားလုံးတွေက
ဆင်းရဲသားရပ်ကွက် တစ်မြုံတစ်မကြီး
ရွှေ့ပြောင်းလာကြသလို
(more…)
Popularity: 13%
ကဗျာမရေးဖြစ်တဲ့နေ့ ပန်းပုထုကြည့်ခြင်း
Tuesday, May 26th, 2009
အိမ်ပေါက်စေ့အောင် ရောက်တဲ့လောကဓံကို
ဧည့်ထောက်ခံကြိုဆို
ဒီမောင်ကို
တို့တစ်မိသားစုလုံးက
မပြန်ချင်အောင်ဆွဲဆောင်ထားလိုက်တယ်။
ထွန်တုံးကို မျိုမိတဲ့ စပါးကြီးမြွေလို
မာနဟာ
လေထီးမပါပဲ ခုန်ချ
သူကလေဟုန်စီးလာတယ်။
လိုက်ပါသူတွေကော
လိုက်ပို့သူတွေပါ စည်ကားလွန်းတဲ့ညနေ
လရောင်ရေ မင်းက လက်ပိုက်ကြည့်နေသူလား
ကွေးသောလက် မဆန့်ခင်လေးပါကွာ။
Popularity: 10%
ဆာလံသီချင်း
Thursday, May 7th, 2009
အဲသည်မှာ
လေရဲ့ မှုတ်ထုတ်ငြိမ်းသတ်ခံလိုက်ရတဲ့
အလင်းရောင်တစ်ခုရှိရဲ့
မွန်းတိမ်းချိန်မှာ
အမူးသမားတစ်ယောက်
စွန့်ခွာထွက်သွားတဲ့
ဖုန်းဆိုးမြေပေါ်က ထမင်းဆိုင်တစ်ခုလည်းရှိရဲ့
မီးလောင်ကြမ်းပြင်ပေါ်မှာ
ပင့်ကူတွေ ပြည့်နက်နေတဲ့ တွင်းမည်းကြီးပေါ်မှာ
“မြုံ” နေတဲ့ စပျစ်ခြံတစ်ခုလည်းရှိရဲ့
နွားနို့နဲ့
ဖြူဆွတ်အောင် ဆေးကျောထားတဲ့
အခန်းတစ်ခုလည်းရှိလေရဲ့
သူရူးတစ်ယောက်လည်း ကွယ်လွန်ရှာလေပြီတကား။
စစ်ကြိုခေတ်က ဂျာမန် “အိပ်(ဇ်)ဖရက်ရှင်း ကဗျာတစ်ပုဒ်လို့ဆိုပါတယ်။ ဘာသာပြန်သူက “ဟိန်းဝေလတ်”ပါ။ သူက အခုမှ ကျွန်တော့်ရင်ထဲလာပြီး ၁၆ နှစ်အရွယ် လှသွေးကြွယ်နေတယ်။
Popularity: 11%
အချစ်မဲ့ညနေ
Sunday, April 12th, 2009
သံကြိုးနဲ့  သော့ခလောက်နဲ့ 
ပိတ်လှောင်ရဲ့  သူစိမ်းတစ်ရံဆံ အိမ်ထဲမှာ
ဒါ ငါ့ကိုယ်ငါ ထောင်ချခြင်း အချစ်မဲ့ညနေ။
လူတွေ စက်ရုပ်လို ရယ်မောတဲ့ခလုတ် နှိပ်ကြ
ကွန်ပျူတာဖန်သားပြင်မှာ တချို့ ပျော်မှုရှာစဉ်
ငါ့မှာ ငါနဲ့ သာ ကြင်နာမဲ့ မီးအိမ်။
မှောင်ရီပြိုးပြက်ညထဲက မိုးစက် လက်လက်တွေ
မြေပေါ်မှာ ကမ္ဘာကို စိုခဲ့ပြီ
ဘယ်မှာလဲ
ငါ့ကြယ်စင်
ငါ့သစ်သီးချို
ခိုလုံရာကို ငါမတွေ့ 
အချစ်နေ့ တဲ့ အချစ်ညတဲ့
ဝမ်းဗိုက်က အသံသာ
နာရီတစ်လုံးလို တုန်ခါ
ငါ့မှာတော့ အလွမ်းတွေသာ
ပန်းလိုသီဆဲ။
ခင်မြဇင်
Popularity: 7%