Archive for the ‘ခေတ်သို့ မျှော်ကြည့်ခြင်း’ Category

စိတ်ကူးလွန်ခေတ်၊ လက်တွေ့ကြည့်ဝါဒနှင့် ပညာစီးကြောင်း(၃)

Friday, November 20th, 2009

ပညာနှင့် ပတ်သက်၍ ပြောလျှင် ပီတာဒရပ်ကား အကြောင်း မပြော၍ မဖြစ်ပေ။  ဒရပ်ကားက ၁၉၆၂ ခုနှစ်တွင် ကောလိပ်သို့ မသွားတော့ဘဲ အလုပ်ဝင်လုပ်သည်။ သူ့အဖေကြီးက သူ့သား (ပီတာဒရပ်)အား ထင်ရှားသော ကုန်အရောင်းအ၀ယ်လုပ်ငန်းတွင် အပ်နှံပေးနိုင်ခဲ့သည်။ နောက်အနှစ် သုံးဆယ်ကြာ ပီတာဒရပ်၏သားကိုယ်တိုင် ကောလိပ်မတက်ဘဲ အလုပ်ဝင်လုပ်မည် ကြံပြန်သည်။ ဒရပ်ကား၏ အဖေလက်ထက်က ဒရပ်ကားကို အလုပ်ရှာပေးနိုင်သော်လည်း သူ့လက်ထက်တွင် သူ့သားကို အလုပ်ရှာမပေးနိုင်တော့။ ထိုခေတ်က ကောလိပ်ပညာရေးသည် အလုပ်ကောင်းရဖို့ မရှိမဖြစ် ဖြစ်နေသည်။ ၀င်ငွေကောင်းသော လုပ်ငန်းများက ဘွဲ့ရပြီးသူကိုမှ လက်ခံကြတော့သည်။ ဤသည်မှာ ကျောင်းပညာရေးသည် ၀င်ငွေ သို့မဟုတ် စီးပွားရေး၏ အရင်းအမြစ် ဖြစ်လာသည့် သဘောပင်ဖြစ်သည်။ မြေယာ လုပ်အား ငွေစသော အရင်းအမြစ်များ လိုအပ်သည် မှန်သော်လည်း ပညာက ပထမတန်းစား ဖြစ်လာ၍ ၎င်းတို့မှာ ဒုတိယနေရာသို့ ရွှေ့လျောသွားကြသည်။ ပညာရှိလျှင် ထိုအရင်းအမြစ်များကိုလည်း ရှာဖွေ၍ ရနိုင်သည်ဟု ဆိုသည်။ ပညာဆိုသည်မှာ (more…)

Popularity: 70%

Rating 3.00 out of 5

စိတ်ကူးလွန်ခေတ်၊ လက်တွေ့ကြည့်ဝါဒနှင့် ပညာစီးကြောင်း(၂)

Friday, November 20th, 2009

လက်တွေ့ကြည့်ဝါဒဆိုသော်လည်း စင်စစ်အားဖြင့် လက်တွေ့ကမ္ဘာ့ရေးရာ၊ လက်တွေ့နိုင်ငံရေးတို့မှ စတင်ပေါ်ပေါက်ခဲ့သည် မဟုတ်။ ဒဿနပညာရှင် ၀ီလျှံဂျိမ်းဒီဝေးနှင့် မီနန်တို့က ဒဿနတစ်ပါးအနေဖြင့် ဖော်ထုတ်ခဲ့ကြသည်ဟုဆိုသည်။ လက်တွေ့အသုံးဝင်လျှင် မှန်သည်ဟု ဆိုသူက ဆိုသည်။ အသုံးဝင်တိုင်းမှန်ချင်မှမှန်သည်ဟုလည်း ဆိုသူက ဆိုကြပြန်သည။် မှတ်သားစရာကောင်းသည်က အိုင်ဒီယာတစ်ခုသည် ခက်ရင်း fork နှင့် တူသည်။ ခက်ရင်းနှင့် စွပ်ပြုတ်သောက်ကြည့်သည်။ အဆင်မပြေတော့ ခက်ရင်းကိုချပြီး ဇွန်းနဲ့သောက်ပါသည်။ အိုင်ဒီယာတို့ဆိုသည်မှာ လောကကြီးနှင့် ဆက်ဆံဖြေရှင်းရာတွင် အသုံးပြုဖို့ ကိရိယာများသာများသာ ဖြစ်သည်ဟု ဒီဝေးကပြောသည်။ လက်တွေ့ကြည့်ဝါဒသည် လောဂျစ်နည်းဖြင့် ပြောရလျှင် တံခါးအရှင် ဖွင့်ထားသော open form ဖြစ်သည်။ လက်တွေ့အကျိုးကို ကြည့်ပြီး ရွေးချယ်စရာ မှန်သမျှကို အကုန်တံခါးဖွင့်ထားသည်ဟု ဆိုလိုသည်။ ယခုအခါ အမေရိကန်၌ ယင်းလက်တွေ့ကြည့်ဝါဒသည် neo-positivism နှင့် ဓမ္မရေးရာဝါဒတို့ကို နေရာဖယ်ပေးလိုက်ရပြီဟု ဆိုသည်။ နီယိုပေါ့စတစ်ဝါဒက အချက်အလက်တို့ကို အစစ်အမှန် ဖော်ပြခြင်း pure description of facts အလုပ်ကိုသာ လုပ်ရမည်ဟု ဆိုသည်။

ဒဿနက ကိုယ်ဖန်ဆင်းသော ပဟေဠိတို့ဖြင့် အလုပ်ရှုပ်နေစဉ် သိပ္ပံပညာက ဒဿနကို (more…)

Popularity: 57%

Rating 4.00 out of 5

စိတ်ကူးလွန်ခေတ်၊ လက်တွေ့ကြည့်ဝါဒနှင့် ပညာစီးကြောင်း

Friday, November 20th, 2009

ဝန်ခံချက်။ ကျွန်တော် အခု ရေးထားသော ပို့စ်သည် ကျွန်တော်၏ ကိုယ်ပိုင် စာသား အနည်းငယ်မျှသာ ပါဝင်၍၊ ဆရာကိုတာ၏ “ကျွန်တော်သည် မျောက်က ဆင်းသက်၏” ဆိုသော စာအုပ်မှ၎င်း၊ ဆရာ မောင်စူးစမ်း၏ “၂၀၀၈၊၂၀၀၉ အမြင်” ဟူသော စာအုပ်မှ၎င်း စာသားများ အများအပြား ပါဝင်ပါသည်၊ ခိုးချခြင်း မဟုတ်ပါ၊ တိုက်ရိုက်ကူးယူ ဖော်ပြခြင်း မျှသာ ဖြစ်ပါသည်၊ ကျွန်တော် ပြန်ရေးသောအခါ အတော်ရှည်နေပါသဖြင့် ပို့စ်ကို (၃)ပုဒ်ခွဲ၍ တင်ပါမည်။ ယခုကဲ့သို့ စကားပလ္လင်ခံနေခြင်းမှာ ကျွန်တော်ကို အသက်ကြီးသော ဘိုးတော်တစ်ယောက်ဟု ထင်မြင်မည် စိုး၍ ဖြစ်ပါသည်။

ယနေ့ခေတ်ကို နိုင်ငံရေး သိပ္ပံပညာရှင်များက post-ideology era (စိတ်ကူးလွန်ခေတ်) ဟု ခေါ်ဆိုကြသည် ဟုဆိုသည်။ ဆိုလိုသည်မှာ အိုင်ဒီယိုလိုဂျီကို နိုင်ငံရေးနှင့်တကွ နယ်ပယ်တော်တော်များများ၌ အသုံးမပြုကြတော့သည့် သဘောပင်။ စစ်အေးခေတ်သည် အိုင်ဒီယိုလိုဂျီခေတ်ဟုဆိုသည်။ ယင်းခေတ်တွင် စူပါပါဝါနှစ်နိုင်ငံဖြစ်သည့် ဆိုဗီယက်ယူနီယံနှင့် အမေရိကန်တို့ ဆိုရှယ်လစ်နှင့် အရင်းရှင် အိုင်ဒီယိုလိုဂျီချင်း အားပြိုင်ကြရာ ဆိုဗီယက်ယူနီယံ ပျက်စီးသွားသောကြောင့် အရင်းရှင် အိုင်ဒီယိုလိုဂျီနှင့် ဆိုရှယ်လစ်အိုင်ဒီယိုလိုဂျီကိစ္စ နိဂုံးချုပ်သွားခဲ့သည် ဟုဆိုသည်၊ သို့သော်လည်း ၄င်းအယူအဆနှင့် ပတ်သက်၍ ပညာရှင်များ အငြင်းပွားနေကြဆဲပင်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ဝင်စဉ်က ရီပတ်ပလီကင် သမ္မတလောင်းဂျွန်မက်ကိန်းက အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးစစ်ပွဲ ဆိုသည်မှာ အိုင်ဒီယိုလိုဂျီစစ်ပွဲဟု သုံးနှုန်းခဲ့သည် ဟုသိရသည်။ အမေရိကန်သည် အစွန်းရောက် အစ္စလမ်ဝါဒီနှင့် တိုက်ခိုက်ရသောကြောင့် (more…)

Popularity: 58%

Rating 4.00 out of 5

Plugintaylor.com

Sponsored Listings