Archive for April, 2009
ယနေ့ ရနိုင်သောစားသောက်ဖွယ်ရာများ
Friday, April 24th, 2009
၁။ ရသကိုးပါးလွတ်ကဗျာ
၂။ အပျော်ဖတ်စာရေးဆရာများ
၃။ ပုံသေရိုက်စက်နဲ့ ထုတ်လုပ်ထားသော Hip Hopသီချင်း
၎။ သုံးသောင်းတန် ရှိုးပွဲလက်မှတ်
၅။ စတိုးဆိုင်ထဲက ကော်ပတ်ရုပ်ရဲ့ အပြုံး
၆။ ပေါက်ဈေးကြည့်ရင်ခုန်တတ်သော အချစ်စစ်များ
၇။ လူတန်းစားမရွေးစားသုံးနိုင်သော ဟာသများ
၈။ လင့်ခရူဆာစီးလာသော တောကြောင်များ
၉။ ပိုက်ဆံအိတ်ခါးထိုးထားသော ခိုများ
၁၀။ ခေတ်စားနေသော အတွင်းခံဘောင်းဘီကြွားဝါမှုဖက်ရှင်
၁၁။ လူကိုကြော်ငြာနေသော ကုန်ပစ္စည်းများ
၁၂။ သေမင်းနဲ့ ပိုတူလာသောဆရာဝန်
၁၃။ ကျည်အပြည့်နဲ့ ကျီးလန့် စာစားနေရသော သေနတ်တစ်လက်
၁၄။ ပိုးမွှားကြောက်တတ်သော MPT မှလူကလေး……..စသည် စသည်ဖြင့်
လိုအပ်သည်များကို မှာယူသုံးဆောင်နိုင်ပါသည်
စားသုံးသူနှင့်စားသောက်ကုန်
အသုံးပြုသူနှင့် အသုံးပြုခံ
ရောပြွမ်းနေသော ယနေ့ တွင်
သင်သည်လည်း တံဆိပ်တုတပ်ထားသော
ကုန်ပစ္စည်းတစ်ခုမျှသာ။
Popularity: 16%
ချစ်သူနာမည်
Wednesday, April 22nd, 2009
ကိုယ့်ခါးသက်သက်ဒိုင်ယာရီမှာ
ကိုယ့်ရှေ့တည့်တည့်က ပစ္စလက်ခတ်မြင်ကွင်းတွေပေါ်မှာ
အလုပ်မရှိ ယိမ်းထိုးနေတဲ့ သစ်ရွက်တွေပေါ်မှာ
မင်းနာမည်ကိုယ်ရေးတယ်
ဟိုး အဝေးက ကုန်းကုန်းကွကွ သက်တံတွေပေါ်မှာ
ကတ္တရာလမ်းမပေါ်က ချွေးတလုံးလုံး တံလျှပ်တွေပေါ်မှာ
အကြော်သည်ဗန်းထဲက စာကလေးတွေရဲ့ တောင်ပံပေါ်မှာ
မင်းနာမည်ကို ကိုယ်ရေးတယ်
အိမ်ခြေရာခြေ မရှိတဲ့ တိမ်သားတွေပေါ်မှာ
ခေါင်ချင်တိုင်းခေါင်နေတဲ့ ကန္တာရ မိုးစက်တွေပေါ်မှာ
မင်းနာမည်ကို ကိုယ်ရေးတယ်
ငါ့ရဲ့ မရှိမဖြစ် လက်ဘက်ရည်ခွက်ပေါ်မှာ
ငါ့ကို နေ့တိုင်းခေါ်ဆောင်နေတဲ့ အဆိပ်ငွေ့တွေပေါ်မှာ
ဖျားနာနေတဲ့ သူရူးတစ်ယောက်ရဲ့ ဗလာအိပ်ရာထက်မှာ
မင်းနာမည် ကိုယ်ရေးတယ်
ကိုယ့်တိတ်ဆိတ်မှုရဲ့ တံခါးဝမှာ
ကိုယ့်ဒေါသတွေရဲ့ သိမ်ငယ်မှုမှာ
ကိုယ့်အထီးကျန်မှုရဲ့ လေဟာနယ်မှာ
မင်းနာမည်ကို ကိုယ်ရေးတယ်
ရမ္မက်မီးတို့ အဝေးဆုံးတောက်လောင်မှုမှာ
စိတ်ကြမ်းဘီလူးတို့ အိပ်စက်အနားယူချိန်မှာ
ကြည့်သူမဲ့ သက်ငြိမ်ပန်းချီကားချပ်တွေပေါ်မှာ
မင်းနာမည်ကို ကိုယ်ရေးတယ်
အဝေးက မှုန်ပြပြ တောင်တန်း၊ ကွင်းပြင်၊ ပင်လယ်အားလုံးပေါ်မှာ
အမှတ်သညာမဲ့ မျှော်လင့်ခြင်း ကမ်းပါးစွန်းမှာ
အမြင့်ဆုံး စကားလုံးတွေရဲ့ မှော်စွမ်းအားပြင်ပမှာ
မင်းနာမည်ကို ကိုယ်ရေးတယ်
ချစ်သူရယ်
တကယ်တော့ ငါဟာ
မင်းနာမည်ရေးဖို့သက်သက်နဲ့
ထွက်သက်ကို အရေးတကြီး ဆွဲငင်ထားသူပါ
ဒီရာသီထဲ အပြုံးတစ်စက်လောက်
ခြွေချခဲ့ရင်တောင်
ငါ့သံသရာအတွက် လုံလောက်ပါရဲ့ကွယ်။
(ကြာတော့ကြာပါပြီ ရေးထားတာ ကျွန်တော်ရဲ့ တစ်ခြားဘလော့ကနေ ပြန်ယူပြီးတင်လိုက်တယ်)
Popularity: 17%
ရည်မှန်းချက် ပန်းတိုင်
Tuesday, April 21st, 2009
ရည်မှန်းချက် ပန်းတိုင်
မရောက်နိုင်တာ
ကြေကွဲစရာ မဟုတ်ပါ
ပန်းတိုင် မရှိမှ
ကြေကွဲစရာပါ။
စိတ်ကူးအိပ်မက်တွေ
လက်တွေ့ မဖြစ်လာဘဲ
သေသွားရတာ
ကြမ္မာဆိုး မဟုတ်ပါ
အိပ်မက် မက်စရာ
စိတ်ကူး မရှိတာသာလျှင်
ကြမ္မာရိုင်းပါ
ကြယ်တာရာတွေဆီ မရောက်တာ
သိက္ခာမကျပါ
အရောက်လှမ်းစရာ ကြည့်မျှော်ရာ
ကြယ်တာရာ မရှိတာသာ
ကျက်သရေ မဲ့ခြင်းပါ
ဆုံးရှုံးခြင်းမဟုတ်
ရည်မှန်းချက် နိမ့်ကျခြင်းသာ
ဒုစရိုက်ပါ။
Popularity: 11%
တောင်ကမူတစ်ခုရဲ့ အလွန်မှာ
Tuesday, April 21st, 2009
တောင်ကမူတစ်ခုရဲ့ အလွန်မှာ
သူ့ ထက်မြင့်တဲ့တောင်ကမူရှိတယ်
လူအနည်းအပါးသာဆက်တက်ကြတယ်
အတော်များများကတော့ပထမတောင်ကမူမှာ
ရပ်တန့် သွားကြတယ်
Beyond every hill there is always a higher hill.
Not many men keep on climbing . Most of them remain at of their lives.
Popularity: 5%
သူ့ တန်ဖိုးနဲ့ သူ
Tuesday, April 21st, 2009
အသက်ငါးဆယ်ကျော်တွေကို စီးပွားရေးလောက ကထုတ်ပစ်ကြည့်ပါ၊ စက်မှုလုပ်ငန်း၊ စီးပွားကုန်သွယ်လုပ်ငန်းတွေ အားလုံး ရပ်တန့် သွားပါလိမ့်မယ်။
ကျွန်တော်တို့ လူငယ်တွေတစ်ဖက်သတ်
အမြင်မစောင်းကြဖို့ လိုပါတယ်။
လူကြီးတွေကလည်း လူငယ်တွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုဖို့ လိုပါတယ်။
Take all men over fifty out of the business world and our industrial and commercial activitives world be staggered to a stand still.
Popularity: 7%
အသေးအဖွဲ့ ပေမယ့်ဂရုစိုက်ပါ
Tuesday, April 21st, 2009
လူတစ်ယောက်ရဲ့ အရည်အချင်းနဲ့ စရိုက်ကိုသိလိုလျှင် အလုပ်သေးအဖွဲ့ တစ်ခုကိုပေးကြည့်ပါ၊
ဥပမာ…လူကလေးတစ်ယောက်ကိုပြတင်းပေါက်မှန်သုတ်ခိုင်းကြည့်ပါ။
အလယ်လောက်ကိုဖုန်သုတ်ပြီး ဘေးအစွန်းများကိုချန်လှပ်ခဲ့လျှင် ထိုသူငယ်သည် ဘယ်သောအခါမှ ကြီးပွားမည်မဟုတ်ပေ။
ထို့ အတူ အိမ်ဖော်မလေး သန့် ရှင်းရေးလုပ်သည့်အခါ သတိထားကြည့်နိုင်ပါသည်၊
ဟိုတစ်ကွက် ဒီတစ်ကွက်ဖြင့် ပေါ့ပျက်ပျက်ဆိုလျှင် အိမ်ဖော်ဘ၀ကတက်မည်မဟုတ်။
ထိုအိမ်ဖော်မသည် အိမ်ထောင်ကျသော်လည်း အရည်အချင်းပြည့်ဝသော အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်လာမည်မဟုတ်ပါ။
အသေးအဖွဲ့ လေးတွေကို ကောင်းစွာလုပ်နိုင်မှ ကြီးမားသောအလုပ်တွေကို လုပ်နိုင်ပေမည်။
Popularity: 5%
သင့်ကမ္ဘာငယ်လေးသည်
Sunday, April 19th, 2009
ငယ်ဘ၀ကသင်နေထိုင်ကြီးပြင်းခဲ့ရသောကမ္ဘာငယ်လေးသည်
ပြင်ပကမ္ဘာကြ်ီးနှင့်ရင်ဆိုင်ရမည့်”လောကအမြင်”ကိုပေးတတ်သည်။
သို့ သော် ငယ်ဘ၀ကရခဲ့သောလောကအမြင်ကို
သင်ယနေ့ လှုပ်ရှားရသည်များအပေါ်
လွန်ကဲစွာ မလွှမ်းမိုးပါစေနှင့်။
ငယ်စဉ်ကရခဲ့သောလောကအမြင်ထက် ယနေ့ သင့်ကိုသင် ဘယ်လိုမြင်သည်က
ပိုပြီးအရေးကြီးပါသည်။
Popularity: 5%
တိုက်ပွဲ
Wednesday, April 15th, 2009
နှလုံးသားက မေတ္တာထားချင်တယ်
ဒါပေမဲ့ ကျွန်ုပ်တို့ က အမုန်းပွားကြတယ်
နှလုံးသားက နားလည်မှုရှိချင်တယ်
ဒါပေမဲ့ ကျွန်ုပ်တို့ က ရှုပ်ထွေးကြတယ်
နှလုံးသားက ညီမျှမှုကိုလိုလားတယ်
ဒါပေမဲ့ ကျွန်ုပ်တို့် က တစ်ဦးကိုတစ်ဦး စိုးမိုးခြယ်လှယ်ကြတယ်
နှလုံးသားက ငြိမ်းချမ်းရေးကိုလိုလားတယ်
ဒါပေမဲ့ ကျွန်ုပ် တို့ က တိုက်ခိုက်ကြတယ်
နှလုံးက ပေးကမ်းလိုတယ်
ဒါပေမဲ့ ကျွန်ုပ်တို့ က လောဘတက်ကြတယ်
နှလုံးသားက ကူညီလိုတယ်
ဒါပေမဲ့ ကျွန်ုပ်တို့ က ဖျက်ဆီးကြတယ်
နှလုံးသားက ဂရုစိုက်လိုတယ်
ဒါပေမဲ့ ကျွန်ုပ်တို့ က စာနာထောက်ထားမှုမရှိကြပါ
နှလုံးသားက
အနည်းငယ်အားကောင်းမယ်ဆိုရင်တော့………….
Popularity: 6%
နှလုံးသားထဲမှာအဖြေရှာ
Tuesday, April 14th, 2009
လူတစ်ဦးရဲ့ နှလုံးသားဟာ ကမ္ဘာမြေကြီးနဲ့ အတူတူပဲ။ တစ်ပိုင်းက နေရောင်ခြည်ထဲမှာ ရှိပြီး တစ်ပိုင်းက အမှောင်ထဲမှာ ရှိနေတယ်။ တစ်ချို့သူတော်စင်တွေတောင် အလုံးစုံ အလင်းမရကြဘူး။ ရိုးရိုးရှင်းရှင်းလေးပြောရရင် တို့တတွေမှာ ကိုယ်ခန္ဓာရှိနေတာတွေကိုက တို့တတွေဟာ အမှောင်ထဲမှာ တစ်ပိုင်းရောက်နေလို့ပဲ။ အလင်းရှိမှန်းကို သိနေလို့ အဲဒီအလင်း ပျောက်ကွယ်သွားပြီး အမှောင်လွှမ်းမလာအောင် ကြိုးစားရုန်းကန် ထိန်းသိမ်းနေရခြင်းဟာ လောကမှာ ကျင်လည်နေထိုင်ခြင်းရဲ့ အဓိပ္ပါယ်ပဲ။ သူတို့မှာ အဖြေမှန်သမျှ အကုန်ရှိနေပြီလို့ စွဲမှတ်နေသူတွေ သူတို့ဟာ အရာရာမှာ ပြီးပြည့်စုံပြီလို့ ယူဆနေသူတွေကို မယုံနဲ့။ မင်းရဲ့ နှလုံးသားက မင်းကိုပြောတာကလွဲရင် ဘာဆို ဘာကိုမှ မယုံနဲ့။
မြတ်ငြိမ်း(ဘာသာပြန်)
Popularity: 5%
ဇာတ်ဝင်တေး
Sunday, April 12th, 2009
တိမ်တွေက ရွာတော့မလိုနဲ့
လေမြူဆွယ်ရာ
ကောက်ကောက်ပါသွား
ကံကြမ္မာလမ်းလွှဲမှာ
မိုးမျှော်သူ
ပက်ကြားအက်လေးခမျှာ
သက်ပြင်းတရှိုက်ရှိုက်နဲ့
အသည်းငယ်လွန်းတဲ့
သစ်ရွက်လေး တွေကတော့
နာကျည်းစိတ်နဲ့
ခြောက်ထဲ ခုန်ချကုန်ပြီ
ငှက်ကလေးတွေမှာသာ
ဝမ်းနည်းပက်လက်
အသိုက်အမြုံကိုစွန့်ခွာခဲ့ရ
ဟင်းလင်းပြင်ကြီးလည်း
သောကတွေကို ကြပ်ထုပ်ထိုးရင်း
ဝေဒနာသက်သာလိုငြား
မီးတောက်တွေကိုပဲ ခပ်သောက်နေတယ်
ဒီလိုရာသီမျိုးမှာ
ဘယ်နီရိုးဘုရင်မှ
တယောထိုးမနေနိုင်ဘူး
ယုံကြည်ရာ ရွက်လွင့်တဲ့
ပင်လယ်တွေ
ကမ်းဝေးနေဆဲ
သူဖုန်းစားတစ်ယောက်သာ
ခပ်တည်တည်နဲ့
နေမင်းကို
အိပ်ထဲ ကောက်ထည့်သွားတယ် ။
Popularity: 14%