Archive for October, 2009
အကောင်းမြင် အဆိုးမြင် နဲ့ တာဝန်မဲ့သူ
Sunday, October 25th, 2009
လွန်ခဲ့တဲ့ ရက်သတ္တပတ် သုံးပတ်လောက်ကပေါ့၊ ဂျာနယ်တစ်စောင် ကောက်ဖတ်လိုက်မိတယ်၊ (ဘာဂျာနယ် ဆိုတာတော့ မမှတ်မိတော့)၊ အဲဒီမှာ “အကောင်းမြင်သူ၊ အဆိုးမြင်သူ” ဆိုတာနဲ့ ပတ်သက်လို့ အင်တာဗျူးပုံစံလေး မေးထားတာ တွေ့ရတယ်၊ အဖြေ တော်တော်များများက ကျွန်တော် မြင်ဖူး ဖတ်ဖူး နေကျ ပုံစံတွေပဲ၊ (တည့်တည့်ပြောရရင်တော့ ရင်ကို လာမမှန်ဘူး ဆိုပါတော့) အဲ ကိုရဲရင့် အလှည့်ရောက်တော့ ကျွန်တော့်မှာ အကောင်းမြင်နဲ့ အဆိုးမြင်တို့ ကြားမှာ “တာဝန်မဲ့သူ” ဆိုတာ ရှိသေးတာပါလားလို့ အသိလေးတစ်ခု မမျှော်လင့်ပဲ ရလိုက်တယ်၊ အဲဒီ အသိလေးကို ပြန်ဝေငှလိုက်တာပါ၊ ကျွန်တော့်လို လူမျိုးတွေ အတွက်ဆိုပါတော့၊ တော်ပြီးသား၊ တတ်ပြီးသား၊ နားလည်ပြီးသား၊ ပြည့်ဝပြီးသား လူတွေ အတွက် မရည်ရွယ် ပါဘူး။
ကဲ သူစကားလေးကို နားထောင်ကြည့်ရအောင် …..
“အကောင်းမြင်သမားက ပြဿနာကို ပြဿနာ ဟုတ်မဟုတ် ခံစားတယ်၊ လေ့လာတယ်၊ စောစောကောက်ချက် မချပဲ စဉ်းစားတယ်၊ တတ်နိုင်သလောက် ခွင့်လွတ်တယ်၊ ပြုပြင်ဖို့ ကြိုးစားတယ်၊ အပြစ်တင်ခြင်းကို တာဝန်ယူမှုနဲ့ အစားထိုးတယ်။”
“တာဝန်မဲ့သူကတော့ (more…)
Popularity: 72%
ကျွန်တော်နှင့် ခေတ်ပေါ်ကဗျာ
Sunday, October 18th, 2009
စကားစပ်စပ် မစပ်စပ်ပေါ့၊ ခင်ဗျားဟာ မဂ္ဂဇင်းတစ်အုပ်ကို ကြုံကြိုက်လို့ပဲ ဖြစ်ဖြစ်၊ တမင်ဝယ်လာလို့ပဲ ဖြစ်ဖြစ်၊ ဆိုင်က ငှားလာတာမျိုးပဲ ဖြစ်ဖြစ် အခြေအနေအရ ဖတ်ရတော့မယ် ဆိုပါစို့၊ ခင်ဗျား ဘယ်ဟာကို အရင်ဖတ်သလဲ၊ ကျွန်တော်မသိ၊ မသိသောကြောင့် ခင်ဗျား အကြောင်းကို ကျွန်တော်မပြောပါ။ ကျွန်တော့်အကြောင်းကိုသာ ကျွန်တော်ပြောပါမည်၊ မည်သူဖတ်ရန်ဟူသော ရည်ရွယ်ချက်၊ မည်သူ့အတွက် အကျိုးများစေရန်ဟူသော အားထုတ်မှု၊ မည်သူ၏ ချီးမွမ်းမှုကို ရယူရန်ဟူသော လိုချင်မှုတို့ (လောလောဆယ်) ကျွန်တော့်တွင် ရှိမနေသောကြောင့် ကျွန်တော်ရေးတတ်သလို ရေးပါမည်၊ ရေးချင်သလို ရေးပါမည်၊ ထိုထက်ပို၍ ရေးချင်သလောက်သာ ရေးပါမည်။ ကျေးဇူးတင်ပါသည်။
ကျွန်တော်ပြောချင်တာကို ကျွန်တော်ပြောရမည်ဆိုလျှင်၊ (more…)
Popularity: 67%
လ္ဘက်ရည်ဆိုင်ရဲ့  ညဦး
Wednesday, October 14th, 2009
အဖန်တရာ လုပ်စားထားသော
ခေတ်ပေါ် သီချင်းသစ်နဲ့ ကြိုနေတယ်
နေ့စား ကာယအလုပ်သမား ရပ်ကွက်ရဲ့
အပန်းဖြေ နားခိုရာ ကမ်းခြေ
တစ်ခါတစ်ရံက လွဲလို့
မျက်နှာဖုံးအတုတွေ မရောင်းဘူး
မဝယ်ဘူး
တန်ရာတန်ရာ ရမ္မက်အတွက်
Popularity: 37%
လေတွင်ရေးသောဝါကျများ
Friday, October 9th, 2009
၁။ အခြေအနေအရ၊ မြင်နေရသော ကောင်းကင်တွင် မျှေလွင့်နေသော တိမ်စိုင်တိမ်သား တစ်ချို့ မှလွဲ၍၊ မိုး၏ အရိပ်အယောင်ကို မမြင်ရတော့၊ ကောင်းကင်မြင်ကွင်းက ကြည်လင်စွာ လှပ၍နေသည်။ နှင်းမှုန်ပါးပါးလေးများက သည်ဆောင်းဦးရဲ့ ခြေသံလေများလား။ သစ်ရွက်တစ်ချို့ ကြွေသက် လှုပ်ခပ်အောင် တိုက်ခတ်နိုင်စွမ်းသော လေပြေငယ်၊ ငါ့ရင်ကို ရေကြည်တစ်ပေါက် ဆောင်ကြဉ်းခဲ့စမ်းပါကွယ်။ ထိုင်းမိုင်းမူးဝေနေသော ငါ့နှလုံးသားကို လင်း လက်အောင် ပြုစုပေးလှည့်ပါ။
Popularity: 16%
ရန်သူများတယ်
Sunday, October 4th, 2009
ရေးထားတာလည်း ဘာမှ မရှိသေးဘူးဗျာ၊ ပြောချင်နေတာတွေကလည်း ရင်ထဲမှာ ဗွက်ထနေတာပဲ၊ ဒါပေမယ့် ဘယ်အရာမှ အဆင်သင့် မဖြစ်သေးဘူး၊ ကျွန်တော်ပြောချင်နေတဲ့ စကားလုံးများရဲ့ ကိုယ်စား ကျွန်တော် လောလောဆယ် အရမ်းကြိုက်နေတဲ့ ကဗျာတစ်ပုဒ်ကိုသာ ဖော်ပြလိုက်ရပါတယ်။
အမုန်းတရား ခါးတယ်
ရန်သူများတယ် ဆိုကရေးတီး
မိတ်ဆွေထက် ရန်သူက ဗရမ်းဗတာ လုံခြုံခြင်းကို
စွန့်စားစေတယ်
မှားနေကျ လူ့အဖွဲ့အစည်းကလည်း ခါးတယ်
လူဆူလူပူ ကျယ်လောင်လောင်အသံကိုပဲ
ထွက်တတ်တဲ့
လူဖျက်တန်းစား ကဗျာစာကားလုံးတွေက
ဆင်းရဲသားရပ်ကွက် တစ်မြုံတစ်မကြီး
ရွှေ့ပြောင်းလာကြသလို
(more…)
Popularity: 13%