Archive for December, 2009
အရက်မူးသမား လမ်းလျှောက်သလို
Monday, December 14th, 2009
ပညာရှင်တစ်ချို့က ဘဝဆိုတာ အရက်မူးသမား လမ်းလျှောက်သလိုဟု တင်ပြလာကြသည်၊ စူးစမ်းကြည့်သင့်သည် ထင်သောကြောင့် ဆက်ဖတ်ကြည့်မိသည်၊ ဖတ်မိသည်ကို လက်တွေ့ဘဝနှင့်ယှဉ်၍ တွေးကြည့်မိသည်။
ကျွန်တော်တို့က ဘဝတွင် ရည်မှန်းချက်များ၊ မျှော်လင့်ချက်များဖြင့် ဘဝကို စနစ်တကျ ပုံဖော်ဖို့ ကြိုးစားကြသည်၊ တစ်ချို့ ဆိုလျှင် မိမိကိုယ်ကို သာမက မိမိနှင့် ဆက်နွယ်သော သားသမီး၊ မိတ်ဆွေ စသည်တို့ အပေါ်တွင်ပါ ရည်မှန်း မျှော်လင့်ထားတတ်ကြသည်၊ လူသည် မျှော်လင့်တတ်သော သတ္တဝါဖြစ်၍ ဤကဲ့သို့ မျှော်လင့်ခြင်းမျိုးကို အဆိုးဟု မဆိုသာပေ၊ သို့သော် သဘာဝကိုကား နားလည်သဘောပေါက်ရန်လိုသည်၊ မျှော်လင့်သလို ဖြစ်မလာသည့်အခါ စိတ်ဆင်းရဲမှုကို ထိန်းချုပ်နိုင်ရန်လိုသည်၊ ကျွန်တော်တို့ လက်တွေ့ဘဝတွင် ကျွန်တော်တို့ မျှော်လင့်ထားသလောက် ဘယ်သောအခါမှ ရာနှုန်းပြည့် မဖြစ်နိုင်ပေ၊ (more…)
Popularity: 100%
ကျောင်းမနေခင်စိတ်
Friday, December 4th, 2009
စိတ်ပညာရှင်များက လူတို့၏ စိတ်ကို (၁)ငါးနှစ်သားစိတ် (၂)ဆယ်နှစ်သားစိတ် (၃)ဆယ့်ငါးနှစ်သားစိတ် ဟု ဥပမာဖြင့် သုံးမျိုးခွဲပြသည်။ ထိုသုံးမျိုးတွင် ငါးနှစ်သားစိတ်ကို “ကျောင်းမနေခင်စိတ်” လို့ ရည်ညွှန်းခြင်း ဖြစ်သည်။ ငါးနှစ်သားအရွယ်များဟာ ထူးဆန်းထွေလာ ပုံပြင်များ၊ ယုတ္တိလွန် စွန့်စားခန်းများကို စိတ်ဝင်စားကြသည်။ အလင်းနှင့် အမှောင်၊ အဆိုးနှင့် အကောင်းတို့ ပဋိပက္ခ ဖြစ်စဉ်ကို ကြည့်၍ အမှောင်ကို သင်ယူကာ အလင်းဖက်၌ နေချင်ကြသည်၊ ငါးနှစ်သားများ၏ စိတ်သည် အဖြူမဟုတ်လျှင် အမည်း၊ အမည်း မဟုတ်လျှင် အဖြူ နှစ်မျိုးသာ အားပြိုင်ကြသည် ဟုဆိုသည်။
(more…)
Popularity: 73%