အကောင်းမြင် အဆိုးမြင် နဲ့ တာဝန်မဲ့သူ

လွန်ခဲ့တဲ့ ရက်သတ္တပတ် သုံးပတ်လောက်ကပေါ့၊ ဂျာနယ်တစ်စောင် ကောက်ဖတ်လိုက်မိတယ်၊ (ဘာဂျာနယ် ဆိုတာတော့ မမှတ်မိတော့)၊ အဲဒီမှာ “အကောင်းမြင်သူ၊ အဆိုးမြင်သူ” ဆိုတာနဲ့ ပတ်သက်လို့ အင်တာဗျူးပုံစံလေး မေးထားတာ တွေ့ရတယ်၊ အဖြေ တော်တော်များများက ကျွန်တော် မြင်ဖူး ဖတ်ဖူး နေကျ ပုံစံတွေပဲ၊ (တည့်တည့်ပြောရရင်တော့ ရင်ကို လာမမှန်ဘူး ဆိုပါတော့) အဲ ကိုရဲရင့် အလှည့်ရောက်တော့ ကျွန်တော့်မှာ အကောင်းမြင်နဲ့ အဆိုးမြင်တို့ ကြားမှာ “တာဝန်မဲ့သူ” ဆိုတာ ရှိသေးတာပါလားလို့ အသိလေးတစ်ခု မမျှော်လင့်ပဲ ရလိုက်တယ်၊ အဲဒီ အသိလေးကို ပြန်ဝေငှလိုက်တာပါ၊ ကျွန်တော့်လို လူမျိုးတွေ အတွက်ဆိုပါတော့၊ တော်ပြီးသား၊ တတ်ပြီးသား၊ နားလည်ပြီးသား၊ ပြည့်ဝပြီးသား လူတွေ အတွက် မရည်ရွယ် ပါဘူး။

ကဲ သူစကားလေးကို နားထောင်ကြည့်ရအောင် …..
အကောင်းမြင်သမားက ပြဿနာကို ပြဿနာ ဟုတ်မဟုတ် ခံစားတယ်၊ လေ့လာတယ်၊ စောစောကောက်ချက် မချပဲ စဉ်းစားတယ်၊ တတ်နိုင်သလောက် ခွင့်လွတ်တယ်၊ ပြုပြင်ဖို့ ကြိုးစားတယ်၊ အပြစ်တင်ခြင်းကို တာဝန်ယူမှုနဲ့ အစားထိုးတယ်။”

တာဝန်မဲ့သူကတော့ပြဿနာကို ဟုတ်မဟုတ် စဉ်းစားလည်း မနေဘူး၊ လေ့လာလိုစိတ်လည်း မရှိဘူး၊ ပေါ့ပေါ့ပဲ ကောက်ချက်ချလိုက်တယ်၊ အလိုအလျှောက် ခွင့်လွတ်တတ်တာမျိုး တွေ့ရသလို၊ ရသလောက် ဆယ်ယူဖို့ကိုလည်း စိတ်မကူးကြဘူး၊ သူများကို အပြစ်တင်ဖို့လည်း စိတ်မဝင်စားဘူး၊ အကောင်းမြင်တဲ့ သူလိုလို ဘာလိုလိုနဲ့ တကယ်တန်းတော့ တာဝန်မဲ့တာပဲ တွေ့ရတယ်။”

အဆိုးမြင်သမား ကတော့ ရှင်းတယ်၊ ပြဿနာ တစ်ခု ရှိပြီဆိုရင် တရားခံတစ်ယောက် ရရင် တော်ပြီ၊ ကောက်ချက် စောစောချမယ်၊ တာဝန်ယူမှု အစား အပြစ်တင်လိုက်မယ်။ မှန် မမှန် စဉ်းစားဆုံးဖြတ်ဖို့ စိတ် မဝင်စားတော့ဘူး။”

ဒါကြောင့် အကောင်းမြင်တယ် ဆိုတာ ကောင်းတဲ့အလုပ်လို့ သာမန်ယူဆနိုင်ပေမယ့် တာဝန်မဲ့သူလည်း မဖြစ်ဖို့ လိုပါတယ်။

ကိုရဲရင့် (စာရေးဆရာ)

စာရေးဆရာ ကိုရဲရင့် ကျန်းမာပါစေ၊ ဒီထက်ပို၍ စာပေပညာဖြင့် နိုင်ငံအကျိုးကို သယ်ပိုး ထမ်းဆောင် နိုင်ပါစေလို့ … ဆုတောင်းရင်း

Popularity: 72%

Rating 4.00 out of 5

6 Comments so far:
  •   October 26, 2009 - နေ့အိပ်မက် Says:

    အတွေးသစ်တစ်ခုကို မျှဝေပေးတာ ကျေးဇူး

  •   October 28, 2009 - မေခင်မွန်း Says:

    တော်ပြီလေ။ တရားခံ တစ်ယောက်ရရင် တော်ပြီ။ ကျန်တာ ဘာမှ မလိုဘူး။ ပြီးတော့ ရေးထားတာထဲက အတိုင်း ကျန်တာ ဆက်လုပ်မယ်။ ဒါပဲ ကောင်းတယ်။ ဘာလို့ ဘယ်သူ့ကို ဘာအကြောင်းပြချက်နဲ့ ခွင့်လွတ်ရမလဲ။

  •   October 29, 2009 - ZOX Says:

    မိုက်တယ်ဗျာ။ အလင်းတန်း တစ်ခု လက်သွားသလိုပေါ့။ အင်း………………………
    ဒါနဲ့ တဂ်ပါရစေ။ ခင်ဗျားကို မေ့ကျန်ခဲ့တော့မလို့။ တစ်… ဂျီတော့ခ်ချည်း သုံးနေမယ့် အစား ဘလော့ဂ်တင်ပါလား ဆိုတဲ့ ခေါင်းစဉ်။
    နှစ်… မိုးထက်အိမ် တဂ်တာကို ဆက်တဂ်မယ်။ ကိုယ်ယုံကြည်ရာ ဆိုတဲ့ ခေါင်းစဉ်။

    ကဲ… ဖတ်ချင်ပြီဗျာ

  •   November 6, 2009 - ညီမင်းခ Says:

    ကို zox ရေ … အခုလို တဂ်တာကို ကျေးဇူး အထူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်က စာမရေးတတ်ဘူးဗျ၊ နောက်ပြီး လောလောဆယ် ဒီခေါင်းစဉ်တွေကို အာရုံမလာသေးဘူး ဖြစ်နေတယ်၊ ကျွန်တော် အာရုံလာတဲ့အခါ ကျိုးစားပြီး ရေးပေးပါ့မယ်ဗျာ။

  •   November 17, 2009 - Lin Says:

    “အကောင်းမြင်တယ် ဆိုတာ ကောင်းတဲ့အလုပ်လို့ သာမန်ယူဆနိုင်ပေမယ့် တာဝန်မဲ့သူလည်း မဖြစ်ဖို့ လိုပါတယ်။” မှန်၏။ ဒါ့အပြင် အမြဲတမ်းအကောင်းဘက်ကပဲမြင်နေတော့လည်း အောင်မြင်ဖို့ကြိုးစားတဲ့နေရာတွေမှာ တွန်းအားမရှိတော့ ရှေ့မရောက်နိုင်ဘူးလို့ထင်မိတယ်။ ဒီလိုထင်တာကိုက မကောင်းတဲ့အရာတွေကို အကောင်းဘက်ကတွေးကြည့်နေသလို ဖြစ်နေပြန်ပြီ…တရားသဘောနဲ့တွက် ပြန်တော့လည်း စိတ်အေးချမ်း သက်သာတာပေါ့လေ

  •   December 1, 2009 - သျှင် Says:

    ဒီစာလေး သဘောကျလို့ လာဖတ်ပါတယ်

6 Responses to “အကောင်းမြင် အဆိုးမြင် နဲ့ တာဝန်မဲ့သူ”




By submitting a comment here you grant nyiminkha a perpetual license to reproduce your words and name/web site in attribution. Inappropriate comments will be removed at admin's discretion.

Plugintaylor.com

Sponsored Listings