ဆေးလိပ်မီးခိုးထဲ ပျော်ဝင်သွားတဲ့ အသံ
အာရုံကို အနားပေးဖို့ လိုအပ်ကာမှ
ခင်ဗျားက အာရုံကို လာနှောင့်ယှက်တယ်
ဓနိဘောင်ဒုတ်လို ဘဝမျိုး
ဘယ်သူက “စက်” လာတပ်ပေးမလဲ
ဘယ်သူက “ပဲ့” လာဆင်ပေးမလဲ။
သူလည်း ပင်လယ်ကို အိပ်မက်ခွင့်တော့ ရှိသင့်ရဲ့ မဟုတ်လား။
ခေါင်မိုးပေါ်က ခိုညည်းသံတွေရဲ့ ဂီတနဲ့
စိတ်ကျခြင်း နေ့လည် နေ့ခင်းများ
မျှော်လင့်ချက်တွေကို တစ်ရစ်ချင်း
ဖဲ့ဖဲ့ချွေယူသွားတဲ့ အတောင်မဲ့ ညနေခင်းများ
မိဝေးဘဝေးမှာ ဆေးဖိုး တစ်ရာ့ငါးဆယ် လိုနေတဲ့
အစာအိမ်ဟောင်းလောင်း နာမကျန်းညများ
ဒါတွေအားလုံး သတ္တဝါတစ်ခု ကံတစ်ခုပဲလား
ကဗျာမဆန်တာကို ကဗျာဆန်အောင် ဘယ်လိုပြောမလဲ
ခု.. ခင်ဗျား မီးတိုက်နေတဲ့
ခင်ဗျားရဲ့ စကားလုံး ညှော်နံ့တွေကလည်း
ကျွန်တော့်လေထုကို ညစ်ညမ်းစေတာပဲ
ခင်ဗျားရဲ့ စနစ်တကျမှားဖို့ ပြင်ဆင်ထားတဲ့ ဦးနှောက်ကြီးကို
ဒီထက်ပို စနစ်ကျအောင် အသစ်လဲတပ်လိုက်ပါဦး(အုံး) လား
ဒီမှာ ကိုယ့်လူ
ပန်းတိုင်ဆိုတာ ဘယ်တော့မှ မရောက်တဲ့ လမ်းဆိုတာ
ခင်ဗျား မသိသေးသ၍
လမ်းဆိုတာ ဘယ်တော့မှ မဆုံးတဲ့ ပန်းတိုင်ဆိုတာ
ခင်ဗျား မသိသေးသ၍
ကျွန်တော် ပြောတာကို
ခင်ဗျား ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။
Popularity: 81%
“သူလည်း ပင်လယ်ကို အိပ်မက်ခွင့်တော့ ရှိသင့်ရဲ့ မဟုတ်လား။”
“ပန်းတိုင်ဆိုတာ
ဘယ်တော့မှ မရောက်တဲ့ လမ်းဆိုတာ”
“လမ်းဆိုတာ
ဘယ်တော့မှ မဆုံးတဲ့ ပန်းတိုင်ဆိုတာ”
စာသားလေးတွေကို သဘောကျတယ်..
ကျွန်တော်တော့ နားလည်တယ်ဗျို့။ ဘယ်အညံ့ခံမလဲ……. အဟေးဟေး။ ပျောက်တာမဟုတ်ဘူးဗျ။ ဘလော့ဂ်ပြုတ်သွားတာ။ သတိရပေးတဲ့ အတွက် ကျေးဇူးဗျို့။
ကိုညီရေ ခင်ဗျားကဗျာက တကယ့်ဘ၀ကို ပုံဖော်တာနေမှာနော်။ ကြက်သီးတောင်ထတယ်။
ကဗျာရေးတာ တော်ရုံကဗျာဆရာတွေထက်ကောင်းပါတယ် ကိုညီရေ။ ဘာလို့သည်လောက်တော်သလဲလို့ စဉ်းစာလို့ မရအောင်ပါပဲနော်။ အားပေးနေမယ်။
4 Responses to “ဆေးလိပ်မီးခိုးထဲ ပျော်ဝင်သွားတဲ့ အသံ”